Hero Image

SLC Loan

စိုက်ပျိုးစရိတ်ချေးငွေ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူလယ်သမားများအတွက် လိုအပ်သော ချေးငွေ အရင်းအနှီးများကို တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုရှိ ခရိုင်ဘဏ်ခွဲ (၅၇) ဘဏ်နှင့် မြို့နယ်ဘဏ်ခွဲ (၁၅၁) ဘဏ်တို့မှ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးရာသီချေးငွေ၊ ဆောင်းရာသီချေးငွေ၊ မိုးကြိုရာသီချေးငွေ အဖြစ် တစ်နှစ်လျှင် ရာသီအလိုက် (၃) ကြိမ် ထုတ်ချေးပေးလျက်ရှိပါသည်။

MD Image

စိုက်ပျိုးစရိတ်ချေးငွေ ဆိုသည်မှာ ?

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား ဘဏ်သို့ အာမခံ (အပေါင်) ပေးအပ်နိုင်သူ တောင်သူလယ်သမားများကို ချေးငွေအတွက် ကိုယ်တိုင်တာဝန်ယူသည့် စနစ်ဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေးလျက်ရှိပါသည်။ ချေးငွေအမျိုးအစားအလိုက် အသေးစိတ်ကို အောက်ပါ ချေးငွေအမျိုးအစားများတွင် ကြည့်ရှုနိုင်ပါသည်။

ချေးငွေ အခြေခံ အချက်အလက်များ

  • (၁၀) ဧကအောက် ပိုင်ဆိုင်သူ (လုပ်ကွက်ငယ်) တောင်သူများသို့ (၁) ဧကလျှင် စပါးသီးနှံ ၁၅၀,၀၀၀ ကျပ်၊ အခြားသီးနှံ ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးပါသည်။
  • အတိုးနှုန်း တစ်နှစ်လျှင် ၅% ဖြစ်ပြီး သတ်မှတ်ရက်ကျော် ပေးဆပ်ပါက ဒဏ်တိုးအဖြစ် တစ်လလျှင် (၅၀) ပြားနှုန်း ကောက်ခံပါသည်။
  • ရာသီအလိုက် — မိုးချေးငွေ၊ ဆောင်းချေးငွေ၊ မိုးကြိုချေးငွေ အဖြစ် တစ်နှစ် (၃) ကြိမ် ထုတ်ချေးပေးပါသည်။

မိုးချေးငွေ

News Image

မိုးချေးငွေ စိုက်ပျိုးစရိတ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူလယ်သမားများအတွက် လိုအပ်သော ချေးငွေ အရင်းအနှီးများကို တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခု၊ ခရိုင်ဘဏ်ခွဲ (၅၇) ဘဏ်နှင့် မြို့နယ်ဘဏ်ခွဲ (၁၅၁...

See details

မိုးကြိုချေးငွေ

News Image

မိုးကြိုရာသီ စိုက်ပျိုးရာသီအတွက် ထုတ်ချေးသော စိုက်ပျိုးစရိတ်ချေးငွေ ဖြစ်ပါသည်။ (က) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား ဘဏ်သို့ အာမခံ (အပေါင်) ပေးအပ်နိုင်သူ တောင်သူလယ်သမားများကို ချ...

See details

ဆောင်းချေးငွေ

News Image

ဆောင်းရာသီ စိုက်ပျိုးရာသီအတွက် ထုတ်ချေးသော စိုက်ပျိုးစရိတ်ချေးငွေ ဖြစ်ပါသည်။ (က) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား ဘဏ်သို့ အာမခံ (အပေါင်) ပေးအပ်နိုင်သူ တောင်သူလယ်သမားများကို ချေး...

See details