Hero Image

ကျွန်ုပ်တို့အကြောင်း (About Us)

ဆောင်ပုဒ် — စီးပွားတိုး၍ ဖွံ့ဖြိုးစေရန် "လယ်ယာဘဏ်"

နောက်ခံသမိုင်းကြောင်း (OUR HISTORY)

  • ၁၉၅၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် "နိုင်ငံတော်စိုက်ပျိုးရေးဘဏ်" ကို တည်ထောင်ခဲ့ပါသည်။
  • ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်၏ စိုက်ပျိုးရေးချေးငွေဌာနအဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်ဥပဒေအရ ၁-၄-၁၉၇၆ မှစတင်၍ "မြန်မာ့စိုက်ပျိုးရေးဘဏ်" အဖြစ်လည်းကောင်း၊
  • ၁၉၉၀ ပြည့်နှစ်တွင် "မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်" ဟုလည်းကောင်း အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး၊
  • ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့ပါသည်။
  • ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ကို ပြင်ဆင်သည့် ဥပဒေအရ "မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်" ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
  • ၂၂-၁၂-၂၀၁၆ တွင် ကျင်းပပြုလုပ်သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန/စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၆-၁၇) အရ ၁-၄-၂၀၁၇ တွင် "စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန" လက်အောက်သို့ လွှဲပြောင်းရောက်ရှိခဲ့ပါသည်။
  • ဘဏ်၏ သက်တမ်းမှာ (၆၉) နှစ်ကျော် ရှိပြီး အစဉ်အလာကြီးမားသည့် နိုင်ငံတော်ဘဏ် (State Owned Bank) ဖြစ်ပါသည်။

မျှော်မှန်းချက် (VISION)

ဘဏ်၏အဓိကရည်မှန်းချက်မှာ နိုင်ငံတော်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသလူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာအထောက်အကူပြုစေရန်ဖြစ်ရမည်။ အဆိုပါ ရည်ရွယ်ချက်မှ ဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့်အညီအောက်ပါ ရည်ရွယ်ချက်များကိုလည်း ကြိုးပမ်းဆောင်ရွက်ရမည်။

  • (က) စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောချေးငွေကို လွယ်ကူရှင်းလင်းသော နည်းလမ်းဖြင့် ထုတ်ပေးရန်။
  • (ခ) ကျေးလက်ဘဏ်လုပ်ငန်းကို မြှင့်တင်ရန်။
  • (ဂ) ကျေးလက်နေပြည်သူများအတွင်းကိုယ်ထူကိုယ်ထစိတ်ဓါတ်ဖြစ်ပေါ်လာစေခြင်းငှာ ချွေတာစုဆောင်းသောအကျင့်ကိုအားပေးရန်။
  • (ဃ) ကျေးလက်ဒေသလူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းငှာအထောက်အကူပြုရန်။
  • (င) ဘဏ်ကိုအားထားအသုံးပြုသည့် အလေ့အထကိုပြုစုပျိုးထောင်ရန်။
  • (စ) ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်။

ရည်မှန်းချက် (MISSION)

  • (၁) ချေးငွေလုံလောက်စွာရရှိမည်။
  • (၂) ချေးငွေအချိန်မီရရှိမည်။
  • (၃) ချေးငွေအပြည့်အဝပြန်လည်ကောက်ခံရမည်။
  • (၄) ငွေစုဆောင်းခြင်းဖြင့် အရင်းအနှီးရရှိနိုင်ရမည်။
  • (၅) ကြွေးမြီကင်းရှင်းသောလယ်သမားဘဝထူထောင်နိုင်ရမည်။
  • (၆) ဘဏ်သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမည်။
MD Image

Organizational Structure

Organizational Structure

No career life data available.