Hero Image

Our Services To Farmer

တောင်သူလယ်သမားများသို့ ဝန်ဆောင်မှုပေးခြင်း

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဖွံ့ဖြိုးရေးဌာနခွဲမှ တောင်သူလယ်သမားများသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ။

Two Step Loan

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Loan)

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Loan) စီမံကိန်းဖြင့် မြန်မာနိုင်ငံရှိ ကျေးလက်နေ တောင်သူလယ်သမားများ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြု၍ သီးနှံအထွက်တိုးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီလယ်ယာစနစ် ဖော်ဆောင်နိုင်ရေးအတွက် ချေးငွေများကို တောင်သူများသို့ အတိုးနှုန်း တစ်နှစ်လျှင် ၅% နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

ချေးငွေပမာဏပေါ်မူတည်၍ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ်ဖြင့် တောင်သူ (၁) ဦးချင်း ကျပ် (၇၀၀) သိန်းအထိနှင့် တောင်သူအစုအဖွဲ့လိုက် ကျပ် (၅၀၀၀) သိန်းအထိ ထုတ်ချေးပေးလျက်ရှိသည်။

စိုက်ပျိုးစရိတ်ချေးငွေ

တောင်သူလယ်သမားများသို့ မိုး၊ ဆောင်း၊ မိုးကြို စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်တွင် အပေါင် (အာမခံ) အဖြစ်ပေးအပ်၍ တစ်ဦးချင်း ကိုယ်တိုင်အာမခံသော စနစ်ဖြင့် လွယ်ကူရှင်းလင်းစွာ ထုတ်ချေးပေးပါသည်။ အတိုးနှုန်း တစ်နှစ် ၅% သာ ကောက်ခံပါသည်။ ပေါင်းသီးနှံ တစ်ဧက (၁၅၀၀၀၀) ကျပ်နှင့် အခြားသီးနှံများ တစ်ဧက (၁၀၀၀၀၀) ကျပ်၊ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အထူးချေးငွေ တစ်ဧက (၁၅၀၀၀၀) ကျပ်ဖြင့် ထုတ်ချေးပေးပါသည်။

ချေးငွေထုတ်ချေးသော သီးနှံအမျိုးအစားများ

နှစ်ရှည်ချေးငွေ

စိုက်ပျိုးစရိတ်ချေးငွေ ချေးယူရန် လိုအပ်သည့်အချက်များ

ကျေးလက်ဆောင်ရွက် အုပ်စုလုပ်ငန်း

ARD TSL & MEB TSL