ဆောင်းချေးငွေ

ဆောင်းရာသီ စိုက်ပျိုးရာသီအတွက် ထုတ်ချေးသော စိုက်ပျိုးစရိတ်ချေးငွေ ဖြစ်ပါသည်။ (က) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား ဘဏ်သို့ အာမခံ (အပေါင်) ပေးအပ်နိုင်သူ တောင်သူလယ်သမားများကို ချေးငွေအတွက် ကိုယ်တိုင်တာဝန်ယူသည့် စနစ်ဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိပါသည်။ (ခ) (၁၀) ဧကအောက် ပိုင်ဆိုင်သူ (လုပ်ကွက်ငယ်) တောင်သူများသို့ (၁) ဧကလျှင် စပါးသီးနှံ ကျပ် ၁,၅၀,၀၀၀/-၊ အခြားသီးနှံ ကျပ် ၁,၀၀,၀၀၀/- နှုန်းဖြင့် ထုတ်ချေးပါသည်။ (ဂ) အတိုးနှုန်း (၁) နှစ်လျှင် ၅% ဖြစ်ပြီး သတ်မှတ်ရက်ကျော် ပေးဆပ်ပါက ဒဏ်တိုးအဖြစ် တစ်လလျှင် (၅၀) ပြားနှုန်း ကောက်ခံပါသည်။ (ဃ) ၂၀၂၂ ဆောင်းရာသီ ချေးငွေကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလဆန်းမှ စတင်ထုတ်ချေးပေးခဲ့ရာ အောက်တိုဘာလကုန်အထိ တောင်သူစုစုပေါင်း (၅,၂၁၁) ဦးနှင့် စိုက်ဧက (၅၂,၈၀၃) ဧကအတွက် ထုတ်ချေးပေးခဲ့ပြီး ဒီဇင်ဘာလကုန်အထိ ဆက်လက် ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။