မိုးချေးငွေ

မိုးချေးငွေ စိုက်ပျိုးစရိတ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူလယ်သမားများအတွက် လိုအပ်သော ချေးငွေ အရင်းအနှီးများကို တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခု၊ ခရိုင်ဘဏ်ခွဲ (၅၇) ဘဏ်နှင့် မြို့နယ်ဘဏ်ခွဲ (၁၅၁) ဘဏ်တို့မှ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးရာသီချေးငွေ၊ ဆောင်းရာသီ ချေးငွေ၊ မိုးကြိုရာသီချေးငွေ အဖြစ် တစ်နှစ်လျှင် စုစုပေါင်း (၃) ကြိမ် စိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးလျက်ရှိပါသည်။ ( က ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) မူရင်းအား အာမခံ ( အပေါင် ) ပေးအပ်နိုင်သူ တောင်သူလယ်သမားများကို ချေးငွေအတွက် ကိုယ်တိုင်တာဝန်ယူသည် စနစ်ဖြင့် ၂၀၁၈ ခုနှစ်မှစ၍ စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။ ( ခ ) ( ၁၀ ) ဧက အောက်ပိုင်ဆိုင်သူ ( လုပ်ကွက်ငယ် ) တောင်သူလယ်သမားများသို့ ( ၁ ) စပါးနှင့် စပါး သီးနှံ ကျပ်-၁,၅၀၀၀၀/-၊ အခြား သီးနှံ ကျပ်-၁,၀၀၀၀၀/- နှုန်းဖြင့် ထုတ်ချေးပါသည်။ ( ဂ ) အတိုးနှုန်း ( ၁ ) နှစ်လျှင် ၅ % ဖြစ်ပြီး၊ နောက်ဆုံးပေးဆပ်ရန် သတ်မှတ်ရက်ကို ကျော်လွန်ပေးဆပ်ခဲ့ပါက ဒဏ်အတိုးအဖြစ် တစ်လလျှင် ( ၅၀ ) ပြားနှုန်းကောက်ခံပါသည်။ ( ဃ ) ၂၀၂၂ မိုးရာသီ ချေးငွေကို တောင်သူစုစုပေါင်း (၅.၇) သိန်းကျော်၊ စိုက်ဧက (၃.၃၅) သိန်းကျော် အတွက် ထုတ်ချေးပေးနိုင်ခဲ့ပါသည်။