ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အငယ်တန်းစာရေး၊ ဒုလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး နှင့် ငွေကိုင်များ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

2026-11-13

ရက်စွဲ ၁၃-၁၁-၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အငယ်တန်းစာရေး၊ ဒုလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး နှင့် ငွေကိုင်များ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနား” ကို နိုဝင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၂ ရက်မှ နိုဝင်ဘာလ ၁၃ ရက်အထိ (၄) ပတ်ကြာ သင်တန်းသား/သူ (၁၉) ဦးဖြင့် ဖွင့်လှစ်ခဲ့သည်။