စိုက်ပျိုးစရိတ်ချေးငွေ ပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးခြင်းကြောင့် တောင်သူများ၏ ဝင်ငွေ တိုးမြှင့်သုံးစွဲနိုင်မှုဆိုင်ရာ လူမှုစီးပွားရေးအခြေအနေ လေ့လာဆန်းစစ်ခြင်း ရက်တိုသင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပ

2026-11-20

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် စိုက်ပျိုးစရိတ်ချေးငွေ ပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးခြင်းကြောင့် တောင်သူများ၏ဝင်ငွေ တိုးမြှင့်သုံးစွဲနိုင်မှုဆိုင်ရာ လူမှုစီးပွားရေးအခြေအနေ လေ့လာဆန်းစစ်ခြင်း ရက်တိုသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ရန်ကုန်မြို့၌ ကျင်းပရာ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ တက်ရောက်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ (၁) ပတ်ကြာ အရာထမ်း၊ အမှုထမ်း (၄၉) ဦး ဖြင့် တက်ရောက်ခဲ့ပြီး အထွေထွေမန်နေဂျာနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။