ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကြီးကြပ်အဆင့်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
2026-08-13
ရက်စွဲ ၁၃-၈-၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကြီးကြပ် အဆင့်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနား” ကို ဩဂုတ်လ ၁၃ ရက် နံနက် ၁၀ နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရုံးချုပ်မှ အရာထမ်းများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းကို ဩဂုတ်လ ၁၃ ရက်မှ စက်တင်ဘာလ ၁၁ ရက်အထိ (၁) လကြာ သင်တန်းသား/သူ (၃၃) ဦး ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်သည်။