ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယအကြိမ်ဝန်ထမ်း မိသားစု မဟာဘုံကထိန်အလှူတော်မင်္ဂလာ
2026-11-14
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ “ဒုတိယအကြိမ်ဝန်ထမ်း မိသားစု မဟာဘုံကထိန်အလှူတော်မင်္ဂလာ” အခမ်းအနားကို ( ၁၄-၁၁-၂၀၂၆ ) ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာအုပ်စု၊ ဉာဏပေါင်းကူးရပ်ကွက် စိတ္တသုခခန္တီးကျောင်း၌ကျင်းပ ပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာ များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။ အခမ်းအနားကို စိတ္တသုခခန္တီးကျောင်းတိုက်ဆရာတော် အရှင်နေမိန္ဒအမှူးပြုသည့် ပင့်သံဃာ တော်ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ဧည့်ပရိသတ်အပေါင်းတို့သည် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျယ်တော်မူသော ပရိတ် တရားတော်များကို နာယူကြသည်။ ထို့နောက် စိတ္တသုခခန္တီးကျောင်းတိုက်ဆရာတော် အရှင်နေမိန္ဒအမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ( ပစ္စည်းအလှူငွေကျပ်သိန်း- ၁,၇၉၂,၅၀၀၊ ငွေသားအလှူငွေကျပ်သိန်း- ၅,၆၈၂,၅၀၀၊ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း (၇,၄၇၅,၀၀၀) ကို ဆက်ကပ်လှူဒါန်းကာ ဧည့်ပရိတ်သတ်အပေါင်းတို့သည် စိတ္တသုခခန္တီး ကျောင်းတိုက်ဆရာတော်အရှင်နေမိန္ဒထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက် ကပ်လှူဒါန်းခဲ့ကြသည်။