ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကြီးကြပ်အဆင့်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
2026-09-11
ရက်စွဲ ၁၁-၉-၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြီးကြပ်အဆင့်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနား” ကို စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရုံးချုပ်မှ အရာထမ်းများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ သည်။ အဆိုပါသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသားများအား ဆုများ ချီးမြှင့်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဩဂုတ်လ ၁၃ ရက်မှ စက်တင်ဘာလ ၁၁ ရက်အထိ (၄) ပတ်ကြာ သင်တန်းသား/သူ (၃၃) ဦးဖြင့် ဖွင့်လှစ်ခဲ့သည်။