သနပ်ပင်မြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေး

2026-05-12

သနပ်ပင် မေ ၁၂ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ ယနေ့နံနက်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဝင်းသန်း က အမှာစကားပြောကြားသည်။