ဓနုဖြူမြို့နယ်၌ ၂၀၂၅ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

2025-05-20
ဓနုဖြူ မေ ၁၉ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၂၀၂၅ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့ မေ ၁၉ ရက် နံနက်ပိုင်းက မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး၌ ကျင်းပသည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားခဲ့သည်။ထို့နောက် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ပုကွန်ကျေးရွာ အုပ်စုနှင့် ကမ်းငူကြီးကျေးရွာအုပ်စုများသို့ ပေးအပ်ခဲ့သည်။ ယနေ့တွင် ပုကွန်ကျေးရွာအုပ်စုနှင့် ကမ်းငူကြီးကျေးရွာအုပ်စုများသို့ တောင်သူ ၈၈ ဦး အတွက် ချေးငွေ ၉၈၇ သိန်း ထုတ်ချေးပေးပြီး ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ငါးသောင်းနှုန်းဖြင့် မေ ၁၉ ရက်မှ စတင် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းနှင့် ဓနုဖြူမြို့နယ်မှ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိ တောင်သူ ၅၀၀၀ ကျော်တို့၏ လယ်ယာမြေဧက ၄၀၀၀၀ ခန့်အတွက် ကျပ်သန်း ၆၀၀၀ ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။