ကလောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

2026-05-12

ကလော မေ ၁၂ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်မည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်သည်။