လက်ပံတန်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

2026-05-12

လက်ပံတန်း မေ ၁၂ ပြည်ထောင်စုအစိုးရအဖွဲ့ ရက် (၁၀၀) စီမံချက်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် လက်ပံတန်းမြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ပံတန်း ဘဏ်ခွဲ၌ ကျင်းပသည်။