ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဥပဒေရေးရာဆင့်ပွားသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
2026-05-18
ရက်စွဲ ၁၈-၅-၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် “ဥပဒေရေးရာ ဆင့်ပွားသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနား” ကို မေလ ၁၈ ရက် နံနက် ၁၀ နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရုံးချုပ်မှ အရာထမ်းများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းကို မေလ ၁၈ ရက်မှ ဇွန်လ ၁၅ ရက်အထိ (၁) လကြာ သင်တန်းသား/သူ (၂၅) ဦး ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်သည်။