ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

2025-05-20

ကျောင်းကုန်း မေ ၁၉ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပ သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောင်းကုန်းမြို့နယ်ဘဏ်ခွဲမှ ရောင်ပြစ် ကွင်းကျေးရွာအုပ်စုနှင့် လိပ်ပုတ်ကျေးရွာအုပ်စုရှိ တောင်သူ ၈၀ ၏ လယ်မြေဧက ၆၂၀ အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်းပေါင်း ၉၃၀ သိန်းကို တောင်သူများ လက်ဝယ်သို့ ထုတ်ချေးပေးခဲ့ပြီး မေလမှ စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွား မည် ဖြစ်သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မြို့နယ်မန်နေဂျာ ဦးဇော်မြတ်လင်းနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း နှင့် ၂၀၂၄ ခုနှစ် မိုးစပါး ကြွေးပြေကျေသူများနှင့် ကြွေးဟောင်းပြေကျေသူများကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။