ဝေါမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ

2026-05-12

ဝေါ မေ ၁၂ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။