သံဖြူဇရပ်မြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး
2026-05-12
သံဖြူဇရပ် မေ ၁၂ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်လျက် ရှိသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံ နက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။