မြိတ်ခရိုင်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ထုတ်ချေးပေး
2026-05-12
မြိတ် မေ ၁၂ ၂၀၂၆ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး စိုက်ပျိုးကြမည့် မြို့နယ်များရှိ တောင်သူ ၃၀၀၀ ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ပေါင်း ငါးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့နံနက်ပိုင်းမှစတင်၍ မြိတ်ခရိုင်ဘဏ်ခွဲ တွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။