ရေးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ

2026-05-12

ရေး မေ ၁၂ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရေးမြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။