ဝါးခယ်မမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

2026-05-12

ဝါးခယ်မ မေ ၁၂ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ကကတိုက်၊ အလမန်းကျောင်းစုနှင့် ဂွေးချောင်းကျေးရွာသုံးရွာမှ တောင်သူလယ်သမားများထံသို့ ယနေ့နံနက်မှ စတင်ထုတ်ချေးပေးခဲ့သည်။