နတ်တလင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်
2026-05-12
နတ်တလင်း မေ ၁၂ ပြည်ထောင်စုအစိုးရအဖွဲ့ ရက် (၁၀၀) စီမံချက်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် နတ်တလင်းမြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။