သုံးခွမြို့နယ်၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

2025-05-20

ရန်ကုန်တိုင်း‌ဒေသကြီး သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်မိုးရာသီစိုက် ပျိုးစရိတ် ချေးငွေ ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက ကျင်းပရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့်အဖွံ့သည် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူကအမှာစကာပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၅မိုးရာသီချေးငွေမူဝါဒစည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက မှိုကုန်းသာကျေးရွာအုပ်စုရှိ တောင်သူဦးတင်မောင်လွင်အား ၁၀အတွက် ၂၀၂၅ မိုးရာသီချေးငွေများပေးအပ်ခြင်းကိုလည်းကောင်းတိုင်းဒေသကြီးမန်နေဂျာ က ဟေမဇလကျေး ရွာ အုပ်စုရှိတောင်သူဦးဌေးလွင်အားကိုးဧကအတွက်၂၀၂၅ မိုးရာသီချေးငွေအားလည်းကောင်းမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဗိုလ်မှူးလင်းမောင်သက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခေတ္တအုပ်ချုပ်ရေးမှူးဦးထွန်းစောဝေတို့ကတောင်သူများအားမိုးရာသီးချေးငွေများကိုပေးအပ်သည်။ စိုက်ပျိုးစရိတ်ချေငွေများ ထုတ်ချေးရာအချိန်စေ့ကြွေးကျန်အကျေပေးဆပ်ပြီးသောမှိုကုန်းသာကျေးရွာ၊ဟေမဇလာကျေးရွာအုပ်စုမှ တောင်သူ၁၀၇ဦးအား တစ်ဧကငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့်၉၀၆ ဧကအတွက်ငွေကျပ်၁၃၅၉ သိန်းကိုထုတ် ချေးခဲ့သည်။