ကျိုက်လတ်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်
2026-05-12
ကျိုက်လတ် မေ ၁၂ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၌ ကျင်းပသည်။ အခမ်းအနားတွင် ဒေါပုံကျေးရွာအုပ်စုမှ တောင်သူ ၈၀၏ စပါးဧက ၅၅၄ ဧက အတွက် ချေးငွေကျပ် ၁၆၆၂ သိန်းကို တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။