ပဲခူးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေး

2026-05-12

ပဲခူး မေ ၁၂ ပဲခူးတိုင်းဒေသကြီးအတွင်း ရပ်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ် ချေးခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ များကို သက်ဆိုင်ရာတောင်သူများထံ ပေးအပ်ရာ တောင်သူများကိုယ်စား ပဲခူးမြို့နယ် အုတ်ဖိုကျေးရွာ အုပ်စုမှ တောင်သူဒေါ်ဌေးမာစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူ ၁၇၁၇၁၄ ဦး၏ စိုက်ဧက ၁၀၇၉၅၄၉ ဧကအတွက် ချေးငွေကျပ် ၃၂၃.၅၃၅ ဘီလီယံ ထုတ်ချေးရန် လျာထားသည့် အနက် ရက်(၁၀၀) စီမံချက်အနေဖြင့် တောင်သူ ၇၈၉၃၅ ဦး၏ စိုက်ဧက ၅၅၈၈၉၆ ဧက အတွက် ချေးငွေ ကျပ် ၁၆၇.၆၆၈ ဘီလီယံ ကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်းသိရသည်။