ရေကြည်မြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေးလျက်ရှိသည်။ ရေကြည်မြို့နယ်တွင် မိုးစပါးစရိတ်ထုတ်ချေးပေးရန် တောင်သူ ၇၁၆၀၊ စိုက်ပျိုးဧက ၄၆၀၀၀ အတွက် ချေးငွေများ ချေးပေးမည်ဖြစ်ပြီး ယနေ့တွင် တောင်လယ်ကျေးရွာအုပ်စုမှ တောင်သူ ၃၀၊ စိုက်ဧက ၂၁၁ ဧကအတွက် ငွေကျပ် ၆၃၃ သိန်းကို စတင်ထုတ်ချေးပေးခဲ့သည်။ ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု၇၅ အုပ်စုရှိရာ တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် မေ၁၂ ရက်မှစတင်၍ စက်တင်ဘာလကုန်အထိ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။