ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်း(၃/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား

2026-03-19

ရက်စွဲ ၁၉-၃-၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် “လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်း(၃/၂၀၂၆)သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၉ ရက် ညနေ၄နာရီအချိန်တွင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားအရာရှိ (၃၀) ဦး တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြား ရေးမှူး ဦးမင်းသူမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်