နိုင်ငံရေးစိစစ်ရေးကဒ်အတုဖြင့် ငွေစာရင်းဖွင့်လှစ်ခဲ့ပြီး မသမာမှုပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း
2026-03-06
နိုင်ငံရေးစိစစ်ရေးကဒ်အတုဖြင့် ငွေစာရင်းဖွင့်လှစ်ခဲ့ပြီး မသမာမှုပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း အမှုတွဲဖြစ်စဉ်နမူနာ ဖြစ်စဉ်တွင် ဘဏ်(၁)ဘဏ်မှ သံသယဖြစ်ဖွယ်သတင်းပို့ချက်အဖြစ် ပေးပို့လာသော ချစ်မျိုးဦးနှင့် သက်နိုင်စိုးတို့သည် ထွန်းသက်ဝေ၏ မှတ်ပုံတင်အမှတ်များအား ပြုပြင်၍ အဆိုပါဘဏ်(×××××ဘဏ်ခွဲ) တွင် ဘဏ်ငွေစာရင်း(၃)ခု၊ စွမ်းရည်ထက်မှ ၎င်း၏မှတ်ပုံတင်အမှတ်အား ပြုပြင်၍ ငွေစာရင်း(၁)ခု ဖွင့်လှစ်ထားပြီး ၎င်းငွေစာရင်းများအား ချစ်မျိုးဦး၊ သက်နိုင်စိုးနှင့် စွမ်းရည်ထက်တို့(၃)ဦးမှ လွှဲပြောင်း ဆောင်ရွက်ခဲ့သဖြင့် ဘဏ်မှ ၎င်းတို့နှင့်ပတ်သက်၍ စိစစ်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်အဖြစ် ပေးပို့ခဲ့ကြောင်း၊ ထွန်းသက်ဝေအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၈/ရစက (နိုင်) ×××××× ၊ ၈/ရစက (နိုင်) ×××××× ၊ ၈/ရစက (နိုင်) ×××××× များဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်းများ ဖွင့်လှစ်ခဲ့သူ၏ အမည်ရင်း အမှန်မှာ ချစ်မျိုးဦး၊ ၈/ရစက (နိုင်) ×××××× ဖြစ်ပြီး၊ စွမ်းရည်ထက်သည် ၎င်း၏နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ ၁၂/ သဃက (နိုင်) ×××××× အမှန်ဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်း(၁)ခု၊ ၎င်း၏နိုင်ငံသားစိစစ် ရေးကတ်အမှတ်ရှိ နံပါတ်(၁) အား (၃) ဟု ပြင်ဆင်၍ ၁၂/ သဃက (နိုင်) ×××××× ဖြင့် ငွေစာရင်း(၁) ခု ဖွင့်လှစ်ခဲ့ကြောင်း၊ ထွန်းသက်ဝေအမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ်(၃)ကတ်တွင် ၈/ရစက (နိုင်) ×××××× သည် ချမ်းပြည့်ကျော် (ဘ) ဦး×××××× ၊ ၈/ရစက (နိုင်) ×××××× သည် ဟိန်းမင်းခန့်၊ (ဘ) ဦး××××× ဖြစ်ပြီး ၈/ရစက (နိုင်) ×××××× သည် မိုးမိုးကျော် (ဘ) ဦး××××× တို့၏ ကိုင်ဆောင်လက်မှတ်များဖြစ်၍ မှန်ကန်မှုမရှိကြောင်း၊ စွမ်းရည်ထက်အမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ် (၂) ကတ်တွင် ၁၂/ သဃက (နိုင်) ×××××× သည် စွမ်းရည်ထက် (ဘ) ဦး××××× ၊ မွေးသက္ကရာဇ် ၁၀-၅-၂၀၀၅ ၏ ကိုင်ဆောင်လက်မှတ် အမှတ်ဖြစ်၍ မှန်ကန်မှုရှိပြီး ကျန်နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/ သဃက (နိုင်) ×××××× သည် သင်္ဃန်းကျွန်းမြို့နယ်ရုံး၏ အသုံးပြုပြီး အမြင့်ဆုံးနံပါတ်ထက် ကျော်လွန်နေသော နံပါတ်ဖြစ်၍ မှန်ကန်မှု မရှိကြောင်း။