ငွေကြေးလိမ်လည်ခံရမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသိပညာပြန်လည်ဖြန့်ဝေနိုင်ရေး အကြောင်းကြားခြင်း

2026-02-23

ငွေကြေးလိမ်လည်ခံရမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသိပညာပြန်လည်ဖြန့်ဝေနိုင်ရေး အကြောင်း ကြားခြင်း အမှုတွဲဖြစ်စဉ်နမူနာ - လူပုဂ္ဂိုလ်တစ်ဦးသည် ၂၀၀၁ ခုနှစ်မှစတင်၍ Ni Ni Swe အမည်ဖြင့် Facebook သုံးစွဲခဲ့ရာ ၂-၈-၂၀၂၃ ရက်နေ့တွင် ခန့်ဝေမောင် (ခ) မောင်မောင်လွင်ဆိုသူမှ Online ပေါ်တွင် အစုရှယ်ယာများဝယ်ယူ စုဆောင်းခြင်း သို့မဟုတ် အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးယူနိုင်ကြောင်း ဝင်ရောက်ပြောဆို ကြေညာခဲ့ပြီး ၎င်းတို့၏ရုံးလိပ်စာမှာ ဇွဲထက်ရှယ်ယာ ကုမ္ပဏီလီမိတက်ရုံး (Zwe Htet)၊ (102 A) လမ်းကြား၊ (၆၂) လမ်း၊ တွတ်ပီကွေ့၊ မန္တလေးဖြစ်ကြောင်း၊ - ၎င်း၏မှတ်ပုံတင်ကိုလည်း ပြသခဲ့သဖြင့် မိမိစုဆောင်းထားရှိငွေများအား အစုရှယ်ယာများ ဝယ်ယူရင်း နှီးရန်ရည်ရွယ်၍ ၎င်းတို့ပေးပို့သည့်ဖုန်းနံပါတ်များသို့ Wave Pay ဖြင့် မိမိ၏ မှတ်ပုံတင်ဖြင့် လည်းကောင်း၊ အခြားသူများမှတ်ပုံတင်များဖြင့်လည်းကောင်း စုစုပေါင်းကျပ်သိန်း (၉,၆၅၀)ကျော်အထိ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ပါကြောင်း၊ - မိမိလွှဲပေးခဲ့သောငွေများအား ပြန်လည်ထုတ်ပေးရန် တောင်းဆိုသောအခါတွင် ဘဏ်ငွေလွှဲပုံစံ အတုကိုပြသပြီး အဆိုပါငွေပမာဏကို ထုတ်ယူရန်အတွက် မိမိမှ ငွေထပ်မံလွှဲပေးရမည်ဖြစ်ကြောင်းသာပြောပြီး ၎င်းတို့ဘက်မှ ယခုအချိန်အထိ မည်သည့်ငွေမှလွှဲပေးခြင်းမရှိခဲ့သဖြင့် ဆုံးရှုံးခဲ့သောငွေ များပြန်လည်ရရှိနိုင်ရေးနှင့် မိမိကဲ့သို့ အခြားမသိနားမလည်သူများလိမ်ညာခံရ၍ ငွေကြေးဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် Online မှအုပ်စုဖွဲ့ ငွေလိမ်လည်သူများနှင့် ကုမ္ပဏီများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးနိုင်ပါရန် အထောက်အထားများနှင့်အတူ တင်ပြတိုင်ကြားပါကြောင်း။