ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စိုက်ပျိုးစရိတ်ချေးငွေအသုံးချမှုနှင့် ကြွေးကျန်ဖြစ်ပေါ်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းရက်တိုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား

2025-09-05

ရက်စွဲ ၅-၉-၂၀၂၅ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တွင် “စိုက်ပျိုး စရိတ်ချေးငွေအသုံးချမှုနှင့် ကြွေးကျန်ဖြစ်ပေါ်မှုဆိုင်ရာလေ့လာဆန်းစစ်ခြင်းရက်တိုသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ရုံးချုပ်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားအရာရှိ (၃၂) ဦး တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန် ကြားရေးမှူးဦးမင်းသူမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်