ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဥပဒေရေးရာဆင့်ပွားသင်တန် အမှတ်စဉ် (၂)သင်တန်းဆင်းပွဲအခမ်းအနား

2025-08-08

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဖွင့်လှစ်သည့် ဥပဒေရေးရာသင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁၄ ရက်မှ ဩဂုတ် လ ၈ ရက်အထိ ရက်သတ္တပတ် ၃ ပတ် ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် သင်တန်းသားများအား ဆုချီးမြှင့်ခဲ့သည်။