ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

2025-06-11

ကန်ကြီးထောင့် ဇွန် ၁၀ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၉ ရက်တွင် စတင်ထုတ်ချေးခဲ့သည်။ ထိုသို့ စတင်ထုတ်ချေးခဲ့ရာ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေ ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန် ၉ ရက်အထိ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ တောင်သူ ၁၁၅၈ ဦး၊ ဧက ၈၄၁၁ ဧက၊ ငွေကျပ် ၁၂၆၁၆.၅၀ သိန်းအား ထုတ်ချေးပေးခဲ့ပြီးဖြစ် ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။