နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ တက် ရောက်

2025-06-04
ပုဗ္ဗသီရိ ဇွန် ၃ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့ နံနက်ပိုင်းတွင် အောင်သာယာရပ်ကွက်၊ မိုးသီရိအထည်ချုပ်စက်ရုံ၊ အထက (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းကို ကွင်းဆင်းကြည့်ရှုပြီး မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနားသို့ တက် ရောက်သည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိဘဏ်ခွဲ၌ ပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ပြီး ချေးငွေများကို တောင်သူ ၁၃၇ ဦးအား လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ကာ ဘဏ်၏ ချေးငွေထုတ်ပေးမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။