ကဝမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

2025-06-01
ကဝ မေ ၃၁ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများအား မေ ၁၉ ရက်မှစတင်၍ ကဝမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ရှင်းလင်းပြောကြား ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းနိုင်က တောင်သူဦးကြီးများ အနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ချေးသော ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် ကဝမြို့နယ် နဘဲပင်ကျေးရွာအတွင်းမှ တောင်သူ ၁၀၀ အတွက် လယ်မြေတစ်ဧက လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် လယ်မြေဧက ၆၈၀ အတွက် စုစုပေါင်းငွေကျပ် ၁၀၂၀၀၀၀၀၀ ကို မိုးရာသီစိုက်ပျိုးချိန်အမီ မေ ၁၉ ရက်တွင် ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကျေအလည် ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံ မှသိရသည်။