မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

2025-05-30

မြိတ် မေ ၂၉ မြိတ်ခရိုင်ဘဏ်ခွဲက မြိတ်ကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်များရှိ ယခုနှစ် မိုးစပါးစိုက်တောင်သူ ၃၄၅၄ ဦးကို လယ်ဧက ၂၀၆၄၀ အတွက် ငွေကျပ် သိန်း ၃၀၉၆၀ ထုတ်ချေးပေးရန် လျာထားပြီး မေ ၂၈ ရက်မှစ၍ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိသည်။ စတင်ထုတ်ချေးပေး ယမန်နေ့က မြိတ်ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးအေးကျော်က တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးသည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး အလယ် ချောင်းကျေးရွာအုပ်စုနှင့် ပပြင်ကျေးရွာအုပ်စုရှိ တောင်သူ ၃၀ အား လယ် ၂၂၇ ဧကအတွက် စိုက်ပျိုး စရိတ်ချေးငွေ ၃၄၀.၅၀ သိန်းကို စတင်ထုတ်ချေးပေးသည်။