ထားဝယ်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

2025-05-29

ထားဝယ် မေ ၂၈ တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ ထားဝယ်မြို့မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ချေးပေးရာ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက အဖွဲ့ဝင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်သည်။ ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရှစ်အုပ်စုမှ အဖွဲ့ဝင်တောင်သူ ၇၆ ဦးအား ငွေကျပ် သိန်း ၆၈၈.၅၀ ထုတ်ချေးပေးရန် လျာထားပြီး ကျောက်မော်ရပ်ကွက်ကို စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။