မင်းလှမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

2025-05-29

မင်းလှ မေ ၂၈ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင် ရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်သည်။ ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံက ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စုပေါင်း ၅၆ အုပ်စုမှ မိုးစပါးစိုက်ပျိုးစရိတ် အစောဆုံးအကျေပေးဆပ်နိုင်သည့် သာယာကုန်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူ ၁၄၂ ဦး၏ ဧကပေါင်း ၁၀၃၄ ဧကအတွက် တစ်ဧကလျှင် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၅၅၁၀၀၀၀၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။