ပန်းတနော်မြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

2025-05-26

ပန်းတနော် မေ ၂၅ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ်တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုရှိ မိုးစပါးစိုက်ဧက ၃၂၄၉၄ ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကျပ် ၄၈၇၄၁ဒသမ ၀၀ သိန်း ထုတ်ချေးပေးရန်အတွက် လျာထားဆောင်ရွက်လျက်ရှိပြီး မေ ၁၉ ရက်တွင် ပေပင်တောင်ကျေးရွာအုပ်စုမှ မိုးစပါးစိုက် တောင်သူ ၇၀ ၏ စိုက်ဧက ၃၉၃ ဧကအတွက် ချေးငွေကျပ် ၅၈၉ ဒသမ ၅၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။