ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

2025-05-25
ဇလွန် မေ ၂၄ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်း ငါးသောင်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဇလွန်ဘဏ်ခွဲက မေ ၁၉ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိသည်။ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရာတွင် ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် မြို့နယ်မန်နေဂျာ ဦးတင်ထွန်းက မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု အလိုက် လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေး ပေးမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေး ပေးမည်ဖြစ်ကြောင်းနှင့် တောင်သူများအား ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဇလွန်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၅ အုပ်စုရှိ တောင်သူ ၆၅၅၉ ဦးတို့၏ လယ်ယာမြေ ၄၂၇၄၈ ဧကအတွက် ကျပ် ၆၄၁၂၂ သိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေး ရန် လျာထားကြောင်းသိရသည်။