ပန်းတောင်းမြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

2025-05-23
ပန်းတောင်း မေ ၂၂ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ဒေါင်းမြတ်နားကျေးရွာ အုပ်စု တောင်သူ ၉၃ဦးအား ထုတ်ချေးကြောင်း သိရသည်။ အဆိုပါ ချေးငွေများကို ယခင်နှစ်ကချေးငွေများ အကျေပေးဆပ်သည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ အတိုးနှုန်း ၅ ရာခိုင်နှုန်း ဖြင့် တောင်သူ ၉၃ ဦး၏ လယ်မြေဧက ၄၆၄ ဧကအတွက် ငွေကျပ်သိန်း ၆၉၆၀၀၀၀၀ ကို တောင်သူများလက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ သည်။ ချေးငွေထုတ်ချေးပေးရန်ကျန်ရှိနေသော ကျေးရွာ အုပ်စု ၄၇ အုပ်စု၊ တောင်သူ ၈၀၀၀၊ ဧကပေါင်း ၃၄၀၀၀ အတွက် ချေးငွေ ကျပ် စုစုပေါင်း သိန်းပေါင်း ငါးသောင်းတစ်ထောင်ကျပ်ကိုလည်း သတ်မှတ် ချက်များနှင့်အညီ ဆက်လက်ထုတ်ချေး ပေးရန် လျာထားကြောင်း သိရသည်။