နတ်တလင်းမြို့၌ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကျင်းပ

2025-05-22

နတ်တလင်း မေ ၂၁ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ချေးငွေအကြံပေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများက ဂျိတ်တောကြီးကျေးရွာရှိ တောင်သူ ၁၀၄ ဦး၏ ၆၇၄ ဧကအတွက် တစ်ဧက ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၀၁၁ သိန်းအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ကြောင်းသိရသည်။