ညောင်လေးပင်မြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

2025-05-22

ညောင်လေးပင် မေ ၂၁ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၉ ရက်မှစ၍ စဉ်ဆက်မပြတ် ထုတ်ပေးလျက်ရှိရာ ညောင်လေးပင်မြို့နယ်ရှိ တောင်သူများသို့ ချေးငွေ ထုတ်ပေးခြင်းအား အဆိုပါရုံး၌ပြုလုပ်ခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေ မန်နေဂျာ ဦးအောင်ဇော်မိုး၊ မန်နေဂျာ ဦးမျိုးထွန်းမြင့်နှင့် မြို့နယ်မန်နေဂျာ ဒေါ်ရီရီချိုတို့က ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ(၂)ကျေးရွာအုပ်စုမှ တောင်သူ ၈၄ ဦး၏ စိုက်ပျိုးမြေ ၆၂၂ အတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၉၃၃၀၀၀၀၀ ကို စတင်ထုတ်ပေး ကြောင်းသိရသည်။