ပဲခူးခရိုင်၌ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

2025-05-22
ပဲခူးခရိုင် မေ ၂၁ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၉ ရက်မှစ၍ စဉ်ဆက်မပြတ် ထုတ်ပေးလျက်ရှိရာ ပဲခူးခရိုင် အတွင်းရှိ တောင်သူများသို့ ချေးငွေ ထုတ်ပေးခြင်းအား အဆိုပါရုံး၌ စတင်ထုတ်ပေးခြင်းများပြုလုပ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး၊ မန်နေဂျာ ဦးမျိုးထွန်းမြင့်နှင့် ခရိုင်မန်နေဂျာ ဒေါ်မိုးသီတာတို့က ပဲခူးမြို့နယ် ဘောနတ်ကြီးကျေးရွာအုပ်စုမှ တောင်သူ ၅၇ ဦး၊ စိုက်ပျိုးမြေ ၃၄၃ အတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဧက ၃၄၃ ဧကအတွက် ငွေကျပ် ၅၁၄၅၀၀၀၀ ကို စတင်ထုတ်ပေးကြောင်းသိရသည်။