အိမ်မဲမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

2025-05-22

အိမ်မဲ မေ ၂၁ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက မေ ၁၉ ရက် တွင် ကျေးရွာ(၂)အုပ်စုရှိ တောင်သူ ၁၈၀ ၏ လယ်မြေဧက ၁၀၆၄ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ချေးငွေကျပ် ၁၅၉၆၀၀၀၀၀၊ မေ ၂၀ ရက်တွင် ထန်းတပင်ကျေးရွာအုပ်စုရှိ တောင်သူ ၁၄၄ ဦး၏ လယ်မြေ ၇၅၄ ဧကအတွက် ကျပ် ၁၁၃၁၀၀၀၀၀ တို့ကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။