လေးမျက်နှာမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး

2025-05-22

လေးမျက်နှာ မေ ၂၁ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် တွင် ကျေးရွာအုပ်စု ၄၇ အုပ်စုရှိ မိုးစပါးစိုက်ဧက ၃၃၃၅၅ ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေေကျပ်သိန်း ၅၀၀၃၂.၅၀ ထုတ်ချေးပေးရန်အတွက် လျာထားဆောင်ရွက်လျက်ရှိပြီး မေ ၁၉ ရက် တွင် ရှမ်းရွာကျေးရွာအုပ်စုမှ မိုးစပါးစိုက် တောင်သူ ၉၀ ၏ စိုက်ဧက ၄၉၆ ဧက အတွက် ချေးငွေကျပ်သိန်း ၇၄၄၀၀၀၀၀ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။