ညောင်တုန်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ထုတ်ချေး

2025-05-22
ညောင်တုန်း မေ ၂၁ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ တောင်သူလယ်သမားများထံသို့ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ မေ ၁၉ ရက်မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၅ အုပ်စုမှ တောင်သူ ၅၄၅၅ ဦး၏ မိုးစပါး စိုက်ပျိုးဧက ၃၄၈၈၈ ဧက အတွက် ငွေကျပ်၅၂၃၃၂ သိန်း ကိုလုပ်ငန်းအချိန်မီ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။