ဝါးခယ်မမြို့နယ်၌ မိုးရာသီစိုက်ပျိုးဧက ငါးသောင်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

2025-05-21

ဝါးခယ်မ မေ ၂၀ ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကိုယမန်နေ့နံနက်ပိုင်းကစတင်ကာ ဇုက္ကနိကျေးရွာရှိ တောင်သူ များအား စတင်ထုတ်ချေးပေးလျက်ရှိသည်။ ဦးစွာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာဒေါ်အေးအေးတင်က ဇုက္ကနိကျေးရွာ မှ တောင်သူများအား တွေ့ဆုံကာ စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးခြင်းနှင့် ပြန်လည်ပေး ဆပ်ရာတွင် လိုက်နာရမည့်အချက်များ အကျေပြန်လည်ပေးဆပ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြား ပြီး ဇုက္ကနိကျေးရွာမှတောင်သူ ၅၃ ဦး ၏ စပါးစိုက်ပျိုးဧက ၂၈၆ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်း နှုန်းဖြင့် စတင်ထုတ်ချေးပေးခဲ့သည်။ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၁၃၂ အုပ်စုမှ တောင်သူများ ၏ စိုက်ပျိုးဧက ၅၃၆၈၃ ဧက အတွက် ချေးငွေကျပ်သိန်း၈၀၅၂၄ ဒသမ ၅၀ ကို စက်တင်ဘာလကုန်အထိ ကြွေးဟောင်းပြေကျေပြီးသူများအား ဆက်လက်ထုတ် ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။