ကျိုက်မရောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

2025-05-21

ကျိုက်မရော မေ ၂၀ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၉ ရက်မှ စတင်ကာ တောင်သူများထံ စတင်ထုတ်ချေး ပေးလျက်ရှိသည်။ မိုးရာသီ၌ လယ်ယာလုပ်ငန်းခွင် စတင်ဝင်ကြမည့် လယ်သမားများ အနေဖြင့် မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်မရှိသည့်တောင်သူများအား အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ဦးစားပေး ထုတ်ချေးပေးခြင်း ဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ပေးကြောင်း သိရသည်။ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ခုနှစ် လျာထားဧက ၉၀၀၀ အတွက် ထုတ်ချေးပေးရန်လျာထားပြီးယနေ့တွင် ပထမဆုံးထုတ်ချေးသည့် ကျုံဝမ်းကျေးရွာမှ တောင်သူ၄၁ ဦး စိုက်ဧက ၂၆၆ ဧကအတွက် ချေးငွေ စုစုပေါင်းငွေကျပ် ၃၉၉သိန်းကို တောင်သူလက်ဝယ်အရောက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။