ကျောက်တံခါးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

2025-05-21

ကျောက်တံခါး မေ ၂၀ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူ များအား ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။ ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်ဇော်ဦးက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ တောင်သူများအားရှင်းလင်းပြော ကြားပြီး မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများက တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးကြသည်။ ထိုသို့ထုတ်ချေးရာ ယနေ့နံနက်ပိုင်းတွင် မြို့ချောင်းကျေးရွာအုပ်စုမှ တောင်သူ ၁၁၁ ဦးအား လယ်ဧက ၇၀၆ ဧကအတွက် တစ်ဧက ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးငွေကျပ် ၁၀၅၉.၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။