အုတ်တွင်းမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား ချေးငွေ စတင်ထုတ်ချေး

2025-05-21

အုတ်တွင်း မေ ၂၀ ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ် မိုးရာသီ အတွက် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး၌ စတင် ထုတ်ချေးပေးလျက်ရှိသည်။ အဆိုပါ ၂၀၂၅ ခုနှစ် မိုးချေးငွေအား ကျေးရွာအုပ်စု ၄၁ အုပ်စုရှိ လူဦးရေ ၉၉၇၉ ဦး၊ ဧက ၄၆၉၃၃ အတွက် ထုတ်ချေးငွေကျပ် ၇၀၃၉၉.၅၉သိန်း ထုတ်ချေးရန် လျာထားဆောင်ရွက်လျက် ရှိရာယနေ့ နံနက်ပိုင်းက သံဘိုကျေးရွာအုပ်စုရှိ တောင်သူ ၁၀၇ ဦး၊ ဧက ၆၇၆ ဧက၊ ချေးငွေကျပ် ၁၀၁၄.၀၀သိန်း ကို စတင်ထုတ်ချေးပေးခြင်းကို မြို့နယ်ချေးငွေအကြံပေးဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ယု၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ခင်ဆွေဦးနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် မိုးစပါး ချေးငွေထုတ်ချေးပေးခြင်းအတွက် တောင်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေး၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ် ၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း နှင့် မိုးချေးငွေအား ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ် ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။